Monday, April 12, 2010
တစ်ခါတုန်းကညတွေ
တစ်ခါတုန်းကညတွေ
သံစဉ်လေးတွေ ကခုန်ကြတဲ့
ညတစ်ညကစလို့ပေါ့ ...
Online ကမ္ဘာက
အသံမဲ့စကား
နားထဲတိုးဝင်
ရင်ခွင်တလျှောက် ထိုးဖောက်ခဲ့ပေါ့ ..။
ကောင်လေးက ပုံပြောတာ ၀ါသ၁နာပါတယ် ..
ကောင်မလေးက နတ်သမီးလုပ်ရတာဝါသနာပါတယ် ..
ဒီလိုနဲ့ ...
ကောင်လေးက ဇာတ်ညွှန်းရေးဆရာ ..
ကောင်မလေးက ကဗျာနဲ့ဇာတ်ကိုက ..
လှပတဲ့ညတွေ ဖန်တီးခဲ့ကြတယ် ..။
နတ်ဆိုးလေးတွေ ရယ်တဲ့ညတစ်ညမှာတော့ ...
ဇာတ်ညွှန်းဆရာလေး အားငယ် ..
နတ်မိမယ်လေးလည်း မပြုံးမရယ် ..
ညကြယ်တွေလည်း လက်မှိုင်ချ ..
အဲ့ဒီ့အေးစက်တုန်ရီတဲ့ ဆောင်းညမှာ
ဇာတ်ညွှန်းကလေး မဆုံးတစ်ဆုံးနဲ့ပဲ
ဇာတ်လမ်းကလေးသေသွားခဲ့ရတယ် ..။
ကောင်လေးရဲ့ အနာဂါတ်ပြက္ခဒိန်တွေထဲမှာ ..
နတ်သမီးရဲ့ နေ့စွဲတွေမပါခဲ့လို့ ..
တူတူစိုက်ပျိုးခဲ့တဲ့
ပင်ပျိုညအလှလေးတွေမှာ
အလွမ်းပန်းလေးတွေ
ပြိုင်တူငိုကြတယ်တဲ့ ..။
နတ်သမီးလေးကတော့ ပြုံးတယ်
ကျန်ပုံပြင်ကို သူဆက်ပြောမယ်တဲ့
သူ့နှုတ်ခမ်းလေးတွေက တုန်ရီလို့
နှင်းဆီပွင့်ဖြူလေးတွေနဲ့အတူ
ခရမ်းရောင်စကားလုံးလေးတွေ ခုန်ထွက်လာတယ် ..
`ငါ့ရဲ့ သရဲစုတ်လေးရေ ...
ကံတွေကတော့ မကုန်သေးဘူး ..
ဒါပေမယ့်လည်း ပြန်မဆုံတော့ဘူးနော် ..´တဲ့။
Subscribe to:
Post Comments (Atom)

ဖတ်လို့ကောင်းလိုက်တာ .. (ဒီလိုcommentလေးတွေပေးလို့ရတယ်နော်လို့ .. ဟိ .. နမူနာပြထားတာ ..)
ReplyDeleteဒီကဗျာလေးလဲဖတ်သွားတယ်နော်.. အားလုံးကောင်းပါတယ်.. :)
ReplyDelete