ဒီနေ့တော့ ထူးထူးခြားခြား ကဗျာလက်ဆောင်ရတယ် .. မွေးနေ့လက်ဆောင်ပေးတာတဲ့ .. မရောက်သေးခင်ပေးတာပေါ့ .. ကျေးဇူးတင်ပါတယ်ပေါ့နော် ..း)ကပ်ကြွားတယ်မထင်နဲ့ .. (ပေါ်တင်ကြွားတာ .. ဟိ)
အထီးကျန်နတ်သမီး....သို့ သ၀ဏ်လွှာ
ကောင်းကင်ဆီက
ပျံ့ လွင့် လာတဲ့  ကြယ်တစ်ပွင့် 
ကြွေလွင့် လာလိုက်ပုံများ
အလင်းတွေတဖွားဖွားနဲ့ 
နှလုံးသား အနားသက်တွေပျက်ဆီး
မင်းဟာ.......
ငါ့ ရဲ့ နတ်သမီးပေါ့ကွယ်.......။......။
ဒီကမ္ဘာရဲ့  ခရီးမှာ
မင်းရောက်လာကတည်းက
ပန်းပွင့် တွေ မျက်လွှာချနေကြပေါ့ 
မင်းရဲ့ တစ်ကိုယ်ရေညတွေ
အထီးကျန်နေတယ်ဆိုရင်တောင်
အမှောင်မှာ ငါရှိမယ်.......။......။
မင်းရဲ့ အလှမှာ
ငါ့ ဘ၀ ငြိတွယ်သွားဖို့ 
မစဉ်းစားခဲ့ ရိုးအမှန်ပါ။
သံသရာဆိုတာကလည်း ခက်တယ်
ပေပေါ်တင်ပြီး ပုံသွင်းမရတဲ့ အဆုံး
မင်းကို ငါ့ နှလုံးသား
လက်ဆောင်ပေးမယ်...
အသုံးလိုတယ်ဆိုရင်ပေါ့ ကွယ်......။.....။
နတ်သမီးရဲ့ အလှတရားက
ထိုက်တန်သူရှားလို့  အထီးကျန်သလား
စဉ်းစားမရဘူးကွယ်......။.....။
ဘာပဲဖြစ်ဖြစ်ပေါ့ ကွယ်.....
မင်းကြီးပြင်းခဲ့ တဲ့ 
( ၂၁ )နှစ်တာခရီး
အထီးကျန်နတ်သမီးအတွက်
ငါ.........
အိပ်မက်လိုတောင်းဆုခြွေပေးမယ်.......
မင်းရဲ့ 
နှစ်ပတ်လည်မွေးနေ့ မှာ
ငွေမှုန်အလင်းတွေဖြာ
ကံရာဇာက မီးတောက်
မင်းတစ်ယောက်......
ငြိမ်းချမ်းပြည့် စုံစေသား
ဂုဏ်ပြုစကားနဲ့  ဆုတောင်းပေးမယ်။
အထီးကျန် နတ်သမီးတစ်ယောက်
ဘ၀တလျှောက်
သာယာနိုင်ပါစေ...
ငါ လက်ခုပ်တီးပေးနေတယ်။.......။
Happy Birthday ကွယ်...။.......။
(၂၀.၄ ၂၀၁၀) တွင်ကျရောက်မဲ့ မွေးနေ့ မှသည်နောက်နှစ်ပေါင်း(၁၀၀)တိုင် ပျော်ရွှင်ချမ်းမြေ့ သောဘ၀ သမီးကောင်းသမီးမြတ် စိတ်ချမ်းသာမှုပေါင်းခညောင်းလို့ လိုရာတောင်းဆုပြည့် စုံနိုင်ပါစေ
Monday, April 12, 2010
Subscribe to:
Post Comments (Atom)
ငယ်ချင်းရေ... ဒါနင့်မွေးနေ့ လား... ဒါဆိုရောက်တော့မှာပေါ့...
ReplyDeleteပျော်ရွှင်ပါစေ ငယ်ချင်းရေ.. နောက်နှစ်ပေါင်း(၁၀၀)တိုင် ပျော်ရွှင်ချမ်းမြေ့ ပါစေ..
ဇူးးးးးးးးးးးး ပါ ကိုငယ်ရေ ..း)
ReplyDelete