Monday, April 12, 2010

ဆုံတွေ့ခြင်း နေ့စွဲ

မနေ့က လင်းခေတ်သူငယ်ချင်းတစ်ယောက် ဂျစ်ဂျစ်ရသွားလို့ .. အငှားခံစားချက်နဲ့ ရေးပေးထားတာပါဗျို့ ..း)


ဒီနေ့ ဆုံတွေ့ကြပြီနော်
မျှော်လင့်တမ်းတခဲ့ဖူးတဲ့
ပန်းအိပ်မက်တွေ ပွင့်ဖူးလာချိန်
ငါ့ရဲ့စိတ်တွေ ပြတ်သားရဲရင့်လာချိန်
ဒီလိုအချိန်ဟာ ..
အလွမ်းနေ့ရက်တွေ အဆုံးသပ်ချိန်တဲ့ ..။
ငါ့ရဲ့ဘေးမှာ နင်ရှိနေတုန်းမှာပဲ
အပြုံးတ၀က်နဲ့ နင့်ကိုထပ်လွမ်းမိသေးတယ်
အို .. ဘယ်လိုကောင်ဆိုးလေးပါလိမ့်ကွယ်
ကျောက်ရုပ်တွေကိုမုန်းသတဲ့လား
ပေါ့ပေါ့ပါးပါးနဲ့လေးနက်တတ်တဲ့ကောင်လေး
တို့တတွေ
ဘယ်တော့မှ ထပ်မဝေးကြကြေးနော်။
နင့်ရဲ့ နွေးထွေးချိုမြလှတဲ့အဖော်ပြုမှုတစ်ခုတည်းနဲ့
ငါ့ရဲ့အတောင်ပံအစုံကို
ဖြန့်ကျက်လိုက်ချင်တယ် …
တူတူဝဲပြန်ကြမယ်လေ …။
ကဲ ...... ......... .........
နင့်လက်လေး ငါ့ကိုပေးပါ
စကားပြန်တွေ ဒုက္ခရောက်စေတဲ့
နင့်ရဲ့ ပဟေဓိအပြုံးနဲ့
နင့်ရဲ့ မ၀ံ့မရဲရင်ခုန်သံတွေ ဖွင့်ချလိုက်ကြပါစို့။
ကမ္ဘာမြေပဲပေါက်ပေါက်
ကောင်းကင်ကိုပဲ ဖောက်ဖောက်
နင်နဲ့ငါတူတူရှိနေဖို့
ဘာကတိသစာမှမလိုအပ်ပါဘူးကွဲ့။
ကျိန်စာနဲ့ ဒဏ်ရာတွေကို ကုသဖို့
နက်နဲတဲ့ ချစ်ခြင်းတစ်ခုသာလိုတယ်။

2 comments:

  1. ဒီကဗျာလေးကောင်းတယ်..ခံစားချက်တွေနဲ့ ရေးထားတာလား... :)

    ReplyDelete